-
Notifications
You must be signed in to change notification settings - Fork 86
/
mmgov_unicode_out.txt
67 lines (66 loc) · 17.1 KB
/
mmgov_unicode_out.txt
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
# Location: http://www.statecounsellor.gov.mm/zg/node/3022
# Genre: News
# Publication-Date: 26-July-2018
နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ
ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေး ရှောင်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားကာ
စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်း နှင့် အလှူငွေများ ပေးအပ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊
ဒေါက်တာမြင့်ထွေး၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဦးကျော်လင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာအမျိုးသားလေကြောင်း
လိုင်းဖြင့် နေပြည်တော်မှထွက်ခွာရာ နံနက် ၈ နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင် လေဆိပ် သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့်
တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကရင်ပြည်နယ်ဝန်ကြီးချုပ် နှင့်အတူ မော်တော်ယာဉ်များဖြင့်
မော်လမြိုင်မြို့မှ ဆက်လက်ထွက်ခွာရာ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရေဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားသည့် ဘားအံမြို့
ရွှေယဉ်မျှော်စေတီသို့ရောက်ရှိက�� စေတီတော် ဂန္ဓကုဋိတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊
ဆီမီးတို့ကို ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ရွှေယဉ်မျှော်စေတီတော်၌ လာရောက် ခိုလှုံလျက်ရှိသည့် ရေဘေးရှောင် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေး
စကားပြောကြားပြီး ဆန်၊ ဆီ၊ ဆေးဝါး၊ စားသောက်ကုန်၊ အ၀တ်အထည်နှင့် ထောက်ပံ့ငွေ များကို ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေယဉ်မျှော်စေတီတော်ရင်ပြင် ရှုရပ်မှနေ၍ သံလွင်မြစ်ရေ မြင့်တက်လာမှုအခြေအနေအား
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် မိုးကယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်
ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘားအံမြို့ အမှတ်(၃)ရပ်ကွက်ရှိ Cyclone Shelter သို့ရောက်ရှိပြီး ရေဘေးရှောင်ပြည်သူများနှင့်
တွေ့ဆုံကာ အသက်မွေး ၀မ်းကျောင်း လုပ်ကိုင်စားသောက်နေမှုအခြေအနေ၊ ဥပဒေလေးစား လိုက်နာရေး၊ ဥပဒေ ဘောင်အတွင်းမှ
လုပ်ကိုင်နေထိုင်စားသောက်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကိစ္စရပ်များကို
ဆွေးနွေးပြောကြားပြီး ရေဘေးရှောင် ပြည်သူ များအတွက် စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်းများနှင့် အလှူငွေများကို တာဝန်ရှိသူများထံ
ပေးအပ်သည်။
ယင်းနောက် ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားသည့် ပြည်နယ်မိုးလုံလေလုံ အားကစားရုံသို့ ရောက်ရှိကြပြီး
ရေဘေးရှောင်ပြည်သူများ၏ နေထိုင်စားသောက်မှု၊ ကျန်းမာ ရေးနှင့် ကူညီကယ်ဆယ်ထောက်ပံ့ပေး နေမှုအခြေအနေတို့ကို
မေးမြန်းပြီး ဆန်၊ ဆီ၊ ဆေးဝါး၊ စားသောက်ကုန်၊ အ၀တ်အထည်နှင့် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်
ဒေါ်နန်းခင်ထွေးမြင့် အပါအ၀င် ပြည်နယ်အစိုးရ အဖွဲ့ဝင် များနှင့်တွေ့ဆုံပြီး ယခုကာလသည် ရာသီဥတုပြောင်းလဲမှုကြောင့်
ရေကြီးရေလျှံမှုများဖြစ် ပေါ်လျက်ရှိပါကြောင်း၊ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့သော်လည်း ယခုအခါ ယခင်က မဖြစ် ဘူးသည့်
ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းပြောင်းလဲမှုများမှာ ပုံမှန်သဘော ဖြစ်လာမည်ဖြစ်ပါကြောင်း၊ ရေကြီးရေလျှံမှု
များဖြစ်ပေါ်ရခြင်းအကြောင်းအရင်းများကို ဖော် ထုတ်ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်ထောင်စု နှင့်ပြည်နယ်
ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်ဖြစ် ပါကြောင်း၊ မြစ်ကြောင်းတိမ်ကောမှုများကြောင့် ရေလျှံရသည်ဆိုလျှင်လည်း
မြစ်ကြောင်းတူး ဖော်ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရေကြီးရေလျှံမှုကြောင့်
တံတားများကျိုးပျက်ခြင်းများ ကြုံတွေ့ရသဖြင့် အများပြည်သူသွားလာရေး၊ သယ်ယူပို့ ဆောင်ရေး အခက်အခဲမဖြစ်စေရေး
အမြန်ဆုံး ပြုပြင်တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ ရေဘေးရှောင်ပြည်သူများကို မေးမြန်းသိရှိရသည့် အချက်များအရ
ကယ်ဆယ်ရေးစခန်းများ တွင် ရောက်ရှိနေချိန် ကျန်းမာရေး အသိပညာပေးရေး၊ အာဟာရပြည့်ဝစေရေး၊ အသက်မွေး ၀မ်းကျောင်း
လုပ်ကိုင်နိုင်မည့် စွမ်းရည်မြှင့်သင်တန်းများ သင်ကြားပေးရေး၊ မြို့တွင်း၌ ရေလျှံမှုများမဖြစ်စေရေးအတွက် ရေမြောင်းများ
ပိတ်ဆို့မှုမဖြစ်စေရန်နှင့် ပြည်သူများ စည်း ကမ်းတကျ အမှိုက်စွန့်ပစ်စေရေး စည်းကမ်းချမှတ်ဆောင်ရွက်သွားရန်
လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် ကရင်ပြည်နယ်၏ သဘာဝအားသာချက်များကို စီးပွားရေးအခွင့်အလမ်းများ အဖြစ် ပြောင်းလဲနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်အခြေခံ
ကုန်ထုတ်စက်မှုလုပ်ငန်းများ ဖြစ် ထွန်းအောင်မြင်ရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ပိုမိုသင်ကြားနိုင်ရေးအတွက်
အခြေခံအဆောက်အဦများ ဖြည့်တင်းတည်ဆောက်ရေး ကိစ္စရပ်များတွင် ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်
လမ်းညွှန်မှာကြားသည်။
ယင်းနောက် ဘားအံမြို့မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်ပြည် နယ် မော်လမြိုင် လေဆိပ်သို့
ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်လမြိုင်လေဆိပ် ခေတ္တနားနေဆောင်၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ
ရန်ပုံငွေမှ မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေသို့ လွှဲပြောင်းထောက်ပံ့သည့် ငွေကျပ် သိန်း ၁၀၀၀ ကို
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာအမျိုးသားလေကြောင်းလိုင်း ဖြင့် မော်လမြိုင်လေဆိပ်မှ ပြန်လည်ထွက်ခွာရာ
ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် တာဝန် ရှိသူတို့သည် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားသည့်
ဘားအံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး
ရေဘေးရှောင်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားကာ စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ဘားအံမြို့ပေါ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၁)ခုဖွင့်လှစ်ထားရှိပြီး အိမ်ထောင် စုပေါင်း ၁၁၈၂ စုမှ လူဦးရေ ၆၁၆၀
အား လက်ခံကူညီထောက်ပံ့ပေးထားကြောင်း၊ ကရင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘားအံမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်း ၁ ခုလျှင်
ငွေကျပ်သိန်း ၂၀၊ ဆန် ၁၀ အိတ်၊ ဆီ ၁၀ ပိဿာပုံး ၁၀ ပုံး ထောက်ပံ့ပေးထားပြီး ရေဘေးရှောင် ပြည်သူ များအား ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့်
နေ့လယ်စာနှင့် ညစာများ ကျွေးမွေးထား ကြောင်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေမှ
ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေသို့ ငွေကျပ် သိန်း ၁၀၀၀ လွှဲပြောင်းထောက်ပံ့ထားကြောင်းသိရသည်။
ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ��ားအံမြို့ပေါ်ရှိ ရေဘေးသင့်စခန်းများ အတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၂၅၀ နှင့်
ကယ်ဆယ်ရေးစခန်းများရှိ ရေဘေး ရှောင်ပြည်သူများအတွက် ငွေကျပ် ၂၅၄ သိန်းကျော် ထောက်ပံ့ထားကြောင်း သိရသည်။